ဧသတာ 9:3Common Language Bibleအမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။- အခန်းကိုကြည့်ပါ။ |
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။
``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-