Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:2

Common Language Bible

အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-

ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-

မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။

ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည် အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။

ကျွန်​တော်​မျိုး​အား​အ​ကျိုး​ယုတ်​စေ​ရန် ရှာ​ကြံ​သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​၍​အ​သ​ရေ​ပျက် ရ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ရှင်​ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​အ​ကြောင်း​ကို​တစ်​နေ့​လုံး​ပြော​ကြား ပါ​မည်။

``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

အ​ချင်း​နိုင်​ငံ​ခြား​သား​အ​ပေါင်း​တို့​ကြောက်​ရွံ့ လျက်​စု​ဝေး​ကြ​လော့။ ရပ်​ဝေး​ဒေ​သ​မှ​လူ အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ စစ်​တိုက်​ရန် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သို့​ရာ​တွင်​ကြောက် လန့်​လျက်​နေ​ကြ​လော့။ သင်​တို့​သည်​ယင်း​သို့ အ​သင့်​ပြင်​ဆင်​ကြ​သော်​လည်း​ကြောက်​လန့် လျက်​နေ​ရ​ကြ​၏။-

``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''

ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ