Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:29

Common Language Bible

ထို​နောက်​အ​ဘိ​ဟဲ​လ​၏​သ​မီး​မိ​ဖု​ရား ဧ​သ​တာ​နှင့်​မော်​ဒ​ကဲ​တို့​သည် ပု​ရ​ပွဲ​တော် နှင့်​ပတ်​သက်​၍​မော်​ဒ​ကဲ​ရေး​သား​ပေး​ပို့​ခဲ့ သည့်​စာ​ကို​ဧ​သ​တာ​၏​အာ​ဏာ​ဖြင့်​အ​တည် ပြု​ရန်​စာ​ရေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-

မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။

မော်​ဒ​ကဲ​သည်​ထို​စာ​တို့​ကို​ဇေ​ရဇ်​မင်း​၏ အ​မည်​ဖြင့်​ရေး​လျက် ဘု​ရင့်​လက်​စွပ်​တော် တံ​ဆိပ်​ခတ်​နှိပ်​ပြီး​လျှင်​စာ​ပို့​လု​လင်​တို့ အား ဘု​ရင့်​မြင်း​ဇောင်း​မှ​လျင်​မြန်​သည့် မြင်း​များ​ဖြင့်​သွား​ရောက်​ပေး​ပို့​စေ​၏။

မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-

ပြည်​နယ်​အ​သီး​သီး​နှင့်​မြို့​အ​သီး​သီး​တို့ တွင်​ယု​ဒ​အိမ်​ထောင်​စု​မှန်​သ​မျှ​သည် ထို​ပု​ရ ပွဲ​တော်​ကို​သား​စဉ်​မြေး​ဆက်​သ​တိ​ရ​ကျင်း ပ​ရန်​လည်း​ကောင်း​ဆုံး​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ