ပြည်နယ်အသီးသီးနှင့်မြို့အသီးသီးတို့ တွင်ယုဒအိမ်ထောင်စုမှန်သမျှသည် ထိုပုရ ပွဲတော်ကိုသားစဉ်မြေးဆက်သတိရကျင်း ပရန်လည်းကောင်းဆုံးဖြတ်ကြ၏။
ယုဒအမျိုးသားများသည်မိမိတို့ကိုယ် တိုင်သာမက သားမြေးများနှင့်ယုဒဘာသာ သို့ကူးပြောင်းလာသူများအတွက် ထုံးတမ်းစဉ် လာတစ်ရပ်အနေဖြင့်နှစ်စဉ်နှစ်တိုင်းအချိန် ကျသောအခါ ဆိုခဲ့သောနှစ်ရက်ကိုမော်ဒကဲ ၏ညွှန်ကြားချက်များနှင့်အညီကျင်းပရန် သော်လည်းကောင်း၊-
ထိုနောက်အဘိဟဲလ၏သမီးမိဖုရား ဧသတာနှင့်မော်ဒကဲတို့သည် ပုရပွဲတော် နှင့်ပတ်သက်၍မော်ဒကဲရေးသားပေးပို့ခဲ့ သည့်စာကိုဧသတာ၏အာဏာဖြင့်အတည် ပြုရန်စာရေးကြ၏။-
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။