Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:20

Common Language Bible

မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။

ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။

သူ​သည်​မိ​မိ​၏​နယ်​ပယ်​ရှိ​သ​မျှ​တို့​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​၍ ဒေ​သ​ဆိုင်​ရာ​ဘာ သာ​စ​ကား​ဖြင့်``ခင်​ပွန်း​ဖြစ်​သူ​သည် မိ​မိ​အိမ် ထောင်​တွင်​ဦး​စီး​ခေါင်း​ဆောင်​ဖြစ်​စေ​ရ​မည်။ သူ​၏​စ​ကား​ကို​မ​လွန်​ဆန်​ရ'' ဟူ​၍​အ​မိန့် ထုတ်​ပြန်​တော်​မူ​၏။

ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-

ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-

တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-

ထို့​ကြောင့်​ထို​ပွဲ​နေ့​များ​ကို​မဲ​ဟု​အ​နက် အ​ဋ္ဌိပ္ပါယ်​ရ​သည့်​ပု​ရ​ဟူ​သော​ပုဒ်​ကို​အ​စွဲ ပြု​၍ ပု​ရ​ပွဲ​တော်​ဟု​ခေါ်​ဆို​ကြ​လေ​သည်။ မော်​ဒ​ကဲ​ပေး​ပို့​လိုက်​သည့်​စာ​ကြောင့်​လည်း ကောင်း၊ ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကြောင့်​လည်း​ကောင်း၊-

ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ကိုယ် တိုင်​သာ​မ​က သား​မြေး​များ​နှင့်​ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​များ​အ​တွက် ထုံး​တမ်း​စဉ် လာ​တစ်​ရပ်​အ​နေ​ဖြင့်​နှစ်​စဉ်​နှစ်​တိုင်း​အ​ချိန် ကျ​သော​အ​ခါ ဆို​ခဲ့​သော​နှစ်​ရက်​ကို​မော်​ဒ​ကဲ ၏​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ရန် သော်​လည်း​ကောင်း၊-

ထို​နောက်​အ​ဘိ​ဟဲ​လ​၏​သ​မီး​မိ​ဖု​ရား ဧ​သ​တာ​နှင့်​မော်​ဒ​ကဲ​တို့​သည် ပု​ရ​ပွဲ​တော် နှင့်​ပတ်​သက်​၍​မော်​ဒ​ကဲ​ရေး​သား​ပေး​ပို့​ခဲ့ သည့်​စာ​ကို​ဧ​သ​တာ​၏​အာ​ဏာ​ဖြင့်​အ​တည် ပြု​ရန်​စာ​ရေး​ကြ​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ