Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:19

Common Language Bible

တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။

မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-

ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-

သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။-

သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-

သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-

ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။'




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ