ထိုအခါမိဖုရားသည်မိမိ၏အစေခံ အဖြစ် မင်းကြီးခန့်ထားပေးသူ၊ မိန်းမစိုး ဟာတက်ကိုခေါ်ယူပြီးလျှင် အကျိုး အကြောင်းကိုစုံစမ်းရန်မော်ဒကဲထံ သို့စေလွှတ်လိုက်လေသည်။-
ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊-
သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
ထိုအခါဧသတာသည်ဟာတက်မှတစ်ဆင့် မော်ဒကဲအား၊-
အပျိုတော်တို့နှင့်မိန်းမစိုးတို့သည် မော်ဒကဲ အဘယ်သို့ပြုလျက်နေသည်ကိုဧသတာ အားပြောပြကြ၏။ ထိုအခါဧသတာ သည်လွန်စွာစိတ်ဒုက္ခရောက်၍ မော်ဒကဲအား လျှော်တေကိုလဲစေရန်ပေးပို့သော်လည်း မော်ဒကဲလက်မခံဘဲနေ၏။-
ဟာတက်သည်နန်းတော်တံခါးရှေ့မြို့တော် ကွက်လပ်တွင်ရှိသောမော်ဒကဲထံသို့သွား၏။-
ဟာတက်သည်လည်းမော်ဒကဲမှာကြား လိုက်သည့်အတိုင်းပြု၏။-
ဝမ်းမြောက်သူတို့နှင့်အတူဝမ်းမြောက်ကြ လော့။ ငိုကြွေးသူတို့နှင့်အတူငိုကြွေးကြ လော့။-
အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။
မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။-
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-