ဧသတာ 4:4Common Language Bibleအပျိုတော်တို့နှင့်မိန်းမစိုးတို့သည် မော်ဒကဲ အဘယ်သို့ပြုလျက်နေသည်ကိုဧသတာ အားပြောပြကြ၏။ ထိုအခါဧသတာ သည်လွန်စွာစိတ်ဒုက္ခရောက်၍ မော်ဒကဲအား လျှော်တေကိုလဲစေရန်ပေးပို့သော်လည်း မော်ဒကဲလက်မခံဘဲနေ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။ မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။-
သို့ဖြစ်၍ဖိလိပ္ပုသည်ထ၍သွားလေသည်။ ထိုစဉ်အခါ၌အဲသယောပိပြည်မှမိန်းမ စိုးအရာရှိတစ်ယောက်သည် ယေရုရှလင်မြို့ သို့သွားရောက်၍ဘုရားသခင်အားကိုးကွယ် ဝတ်ပြုပြီးနောက် မိမိအိမ်သို့ပြန်လည်ထွက်ခွာ လာ၏။ သူသည်အဲသယောပိဘုရင်မကန္ဒက် ၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည်ရထားစီး လျက်ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေ ၏။-