Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 6:5

Common Language Bible

ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​၏​အ​စေ ကို​ခံ​သ​ကဲ့​သို့ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရိုး သား​သော​စိတ်​နှင့်​သ​ခင်​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သ​ခင်​မ​ထံ​သို့​ပြန်​၍​ကျွန်​ခံ​လော့'' ဟု ဆို​၏။-

ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-

အ​စေ​ခံ​သည်​မိ​မိ​၏​သ​ခင်​ကို​လည်း​ကောင်း၊ အ​စေ​ခံ​မ​သည်​မိ​မိ​သ​ခင်​မ​ကို​လည်း​ကောင်း မှီ​ခို​အား​ထား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​က​ရု​ဏာ​တော်​ကို မ​ခံ​စား​ရ​မ​ချင်း​ကိုယ်​တော်​ရှင်​အား မျှော်​ကြည့်​လျက်​နေ​ပါ​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-

``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။-

``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။

သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-

သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-

ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။-

မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-

အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​မ​ပြယ်​နိုင်​သည့် မေတ္တာ​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ချစ် ကြ​ကုန်​သော​လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သက်​ရောက် ပါ​စေ​သော။ ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပြီး​၏။

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။

ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။

ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အ​ဘယ်​မျှ စိတ်​ထား​ဖြူ​စင်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား တ​ရား​ရို​သေ​ကိုင်း​ရှိုင်း​သည်​ကို​လည်း​ကောင်း သူ​တို့​တွေ့​မြင်​မည်​ဖြစ်​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ