ဧဖက် 6:4Common Language Bibleမိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။