ဟဗက္ကုတ် 2:7Common Language Bibleအကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ % သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော% သင်တို့သည်အကြွေးတင်နေလျက်အတိုး% ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ% မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန်% လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက်% ခိုက်လုယက်ကြလိမ့်မည်။-% အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။