Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 2:6

Common Language Bible

စစ်​ရှုံး​သူ​တို့​သည်​စစ်​နိုင်​သူ​တို့​အား​မ​ခံ​ချိ​% မ​ခံ​သာ​ပြော​ဆို​လျက်​မ​ထီ​လေး​စား​ပြု​ကြ​% လိမ့်​မည်။ သူ​တို့​က``မိ​မိ​တို့​မ​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​% ကို​သိမ်း​ယူ​ကြ​သူ​သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​% ကြ​၏။ သင်​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မိ​မိ​% တို့​၏​ကြွေး​မြီ​စား​များ​ကို​လိမ်​လည်​လှည့်​စား​% ၍​သင်​တို့​ကိုယ်​ကို​ချမ်း​သာ​ကြွယ်​ဝ​အောင်​ပြု​% နေ​ကြ​ပါ​ဦး​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။ %

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။

ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။

အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-

သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။

သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-

အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။

မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။

ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-

ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။

အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။''

ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။

ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​လူ​တို့​အား​ငါး​များ​သ​ဖွယ် သံ​ချိပ်​များ​ဖြင့်​ဖမ်း​ဆီး​ကြ​ပါ​၏။ ပိုက်​ကွန်​များ​ဖြင့်​အုပ်​ဖမ်း​ဆွဲ​ထုတ်​နိုင်​သ​ဖြင့်​ဝမ်း​မြောက်​ဝမ်း​သာ​ဟစ်​အော်​ကြွေး​ကြော်​ကြ​ပါ​၏။-

သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%

သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%

ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``ဇိ​ဖော်​၏​သား​ဗာ​လက်၊ငါ့​ထံ​သို့​လာ​၍ ငါ​ပြော​မည့်​စ​ကား​ကို​နား​ထောင်​လော့။

ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။ ``မော​ဘ​ပြည်​ဘု​ရင်​ဗာ​လက်​က​ရှု​ရိ​ပြည်​တည်​ရာ အ​ရှေ့​တောင်​တန်း​များ​မှ​ငါ့​အား​ခေါ်​ဆောင်​ခဲ့​လေ ပြီ။ ဘု​ရင်​က`လာ​၍​ယာ​ကုပ်​အ​ဆက်​အ​နွယ်​တို့​ကို ကျိန်​ဆဲ​ပါ​လော့။ လာ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရှုတ်​ချ​ပါ​လော့' ဟု​ဆို​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။

အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ