ဟေရှာယ 44:13Common Language Bibleပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။- အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။
လက်သမားကပန်းထိမ်သည်အား `သင်၏လက်ရာသည်ကောင်းလေစွ' ဟုဆို၏။ ရုပ်တုကိုအချောထုရိုက်သူက ယင်း၏အစိတ်အပိုင်းများကိုဆက်စပ်သူအား၊ အားပေးစကားပြောကြားလေ၏။ `ဂဟေဆက်ပုံမှာကောင်းပေသည်' ဟု ပြောဆိုသူကပြောဆိုလျက်၊ သူတို့သည်ရုပ်တုကိုနေရာတကျသံနှင့်ရိုက်၍ စိုက်ထူထားကြတော့၏။
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။