ဟေရှာယ 44:12Common Language Bibleပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-%