ဟေရှာယ 41:20Common Language Bibleဤအချင်းအရာကိုတွေ့မြင်ကြသောအခါ လူတို့သည်ဤအမှုကားငါထာဝရဘုရား စီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-