ဟေရှာယ 41:19Common Language Bibleငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့် သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။ သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များ ရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။