ဟေရှာယ 34:5Common Language Bibleထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။