ဟေရှာယ 34:4Common Language Bibleနေလနက္ခတ်တို့သည်မြေသို့ကြွေကျလိမ့်မည်။ မိုးကောင်းကင်သည်လိပ်၍တင်လိုက်သည့်စာ လိပ်သဖွယ်ပျောက်ကွယ်သွားကာ ကြယ်တို့ သည်စပျစ်ပင်သို့မဟုတ်သင်္ဘောသဖန်းပင် မှအရွက်ကြွေသကဲ့သို့ကြွေကျကြလိမ့် မည်။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။