Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 32:4

Common Language Bible

စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။-

ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော် မူတတ်၏။

လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''

စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

မျက်​မ​မြင်​တို့​သည်​မျက်​စိ​မြင်​ကြ​လိမ့်​မည်။ နား​ပင်း​သူ​တို့​သည်​လည်း​နား​ကြား​ကြ​လိမ့်​မည်။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။

``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ