ဟေရှာယ 32:3Common Language Bibleသူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''