Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:13

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။

အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​၍​ကိုယ်​တော် ၏​စွပ်​စွဲ​ချက်​ကို​မိန့်​တော်​မူ​ပါ။ ကိုယ်​တော် မိန့်​တော်​မူ​ချက်​ကို​တောင်​နှင့်​တောင်​ကုန်း များ​ကြား​ကြ​ပါ​စေ။

ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ