Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:12

Common Language Bible

ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-

ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။

ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။

ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရွယ်​မ​ရောက်​သေး သော​က​လေး​သူ​ငယ်​များ​အား ပြည်​သူ တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။

ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-

သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-

သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ