ဟေရှာယ 2:9Common Language Bibleသို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။
မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။