ဟေရှာယ 2:10Common Language Bibleထာဝရဘုရား၏အမျက်တော်၊ ကိုယ်တော် ၏တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့၏ အရှိန်အဝါမှကင်းလွတ်ကြစေရန် သူတို့ သည်ကျောက်တောင်လှိုဏ်ဂူများ၌သော်လည်း ကောင်း၊ မြေတွင်းတူး၍သော်လည်းကောင်းပုန်း အောင်းနေကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။