Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:24

Common Language Bible

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သည်​အီ​ဂျစ်​ပြည်၊ အာ​ရှု​ရိ ပြည်​နှင့်​ရင်​ဘောင်​တန်း​လျက်​နေ​လိမ့်​မည်။ ထို နိုင်​ငံ​သုံး​ခု​သည်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​အ​တွက် ကောင်း​ကျိုး​ချမ်း​သာ​ကို​ဖြစ်​ပွား​စေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ​ပြည်​စပ်​ကြား​တွင် လမ်း​မ​ကြီး​တစ်​သွယ်​ဖောက်​လုပ်​ထား​လိမ့်​မည်။ ထို​ပြည်​များ​မှ​လူ​တို့​သည်​တစ်​ပြည်​နှင့်​တစ် ပြည်​အ​ပြန်​အ​လှန်​ကူး​သန်း​သွား​လာ​လျက် အ​တူ​တ​ကွ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ပြု ကြ​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ထို ပြည်​တို့​ကို​ကောင်း​ချီး​ပေး​၍``ငါ​၏​လူ​စု အီ​ဂျစ်​အ​မျိုး​သား​တို့၊ ငါ​ဖန်​ဆင်း​ထား​သူ အာ​ရှု​ရိ​အ​မျိုး​သား​တို့​နှင့် ငါ​ရွေး​ကောက် သော​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​အား​ငါ​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)

စ​ပျစ်​ရည်​ကို​လည်း​အ​ခြား​သူ​များ​သောက် ရ​ကြ​မည်​မ​ဟုတ်။ သစ်​ပင်​များ​သ​ဖွယ်​ငါ ၏​လူ​မျိုး​တော်​သည်​အ​သက်​ရှည်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​လုပ်​အား​၏​အ​ကျိုး ကျေး​ဇူး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``စ​ပျစ်​သီး​ကောင်း​များ ကို အ​ဘယ်​သူ​မျှ​မ​ဖျက်​ဆီး​တတ်။ နယ်​၍ စ​ပျစ်​ရည်​လုပ်​တတ်​ကြ​၏။ ငါ​သည်​လည်း ငါ​၏​လူ​အ​ပေါင်း​ကို​သုတ်​သင်​ဖျက်​ဆီး ပစ်​လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-

``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-

အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။-

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။

``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ