ဟေရှာယ 19:23Common Language Bibleထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။