Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:13

Common Language Bible

ဇော​န​မြို့​သား​များ​နှင့်​နော​ဗ​မြို့​သား​တို့​၏ ခေါင်း​ဆောင်​များ​သည် အ​သိ​ဉာဏ်​တုံး​သူ​များ သာ​တည်း။ သူ​တို့​အား​မိ​မိ​တို့​လူ​မျိုး​၏​ရှေ့ ဆောင်​လမ်း​ပြ​များ​ဟု​ယူ​ဆ​ရ​မည်​ဖြစ်​သော် လည်း သူ​တို့​က​လမ်း​မှား​ကို​ပြ​၍​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-

နော​ဖ​မြို့​သား​များ​နှင့်​တာ​ပ​နက်​မြို့​သား​များ သည် သင်​၏​ဦး​ခေါင်း​ခွံ​ကို​ခွဲ​ကြ​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​ပြည်​မိ​ဂ​ဒေါ​လ မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့​နှင့်​တောင်​ပိုင်း​ဒေ​သ ၌​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော် မူ​၏။-

``အီ​ဂျစ်​မြို့​များ​ဖြစ်​သော​မိ​ဂ​ဒေါ​လ၊နော​ဖ​နှင့် တာ​ပ​နက်​မြို့​တို့​အား၊ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​ခု​ခံ​ကာ​ကွယ် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သင်​တို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် စစ်​ပွဲ​တွင် ဆုံး​ရှုံး​ပျက်​စီး​လိမ့်​မည်။''

အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊ သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။ နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​နော​ဖ မြို့​ရှိ​ရုပ်​တု​များ​နှင့်​ဘု​ရား​အ​တု​များ​ကို ဖျက်​ဆီး​ပစ်​မည်။ အီ​ဂျစ်​ပြည်​ကို​အုပ်​စိုး မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​သည်​လူ​အ​ပေါင်း​တို့​ကို​ကြောက် ရွံ့​ထိတ်​လန့်​စေ​မည်။-

အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-

ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။-

ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။

သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။-

ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။-

ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊ ``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည် အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏'' ဟု​ဖော်​ပြ​၏။

ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ