Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:12

Common Language Bible

အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-

ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့ ကိုယ်​ကို​အ​လွန်​ပညာ​ရှိ​သည်။ တတ်​သိ​လိမ္မာ သည်​ဟု​ထင်​မှတ်​တတ်​ကြ​၏။

``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-

``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊ အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။

ကိုယ်​တော်​က​ဖာ​ရော​ဘု​ရင်​အား``သင့်​ကို​ဘု​ရင် အ​ဖြစ်​ငါ​ချီး​မြှောက်​ရ​ခြင်း​အ​ကြောင်း​မှာ သင့် အား​ဖြင့်​ငါ​၏​တန်​ခိုး​တော်​ကို​ပြ​၍​ကမ္ဘာ​တစ် ဝန်း​တွင်​ငါ​၏​ဂုဏ်​သ​တင်း​ပျံ့​နှံ့​စေ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ကျမ်း​စာ​တော်​က ဆို​သည်။-

သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။

ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ