ဟေရှာယ 14:31Common Language Bibleအို ဖိလိတ္တိမြို့အပေါင်းတို့၊ ညည်းတွားမြည် တမ်းလျက်အကူအညီအော်ဟစ်တောင်းခံ ကြလော့။ သင်တို့အားလုံးပင်ထိတ်လန့်တုန် လှုပ်လျက်ရှိနေကြလော့။ သူရဲဘောကြောင် သူတစ်ဦးတစ်ယောက်မျှမပါသည့်တပ် မတော်ကြီးတစ်ခုသည်ဖုတ်တထောင်း ထောင်းနှင့်မြောက်အရပ်မှချီတက်လာနေ၏။ အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။-
ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။