ဟေရှာယ 14:30Common Language Bibleထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-