ဟေဗြဲ 3:8Common Language Bibleခေါင်းမမာကြနှင့်။ သင်တို့ဘိုးဘေးများသည် ကိုယ်တော်အားပုန်ကန်၍ တောကန္တာရတွင်ကိုယ်တော်ကိုအကဲစမ်းကြ၏။ သူတို့ခေါင်းမာကြသကဲ့သို့သင်တို့ခေါင်း မမာကြနှင့်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သူတို့ကဲ့သို့ခေါင်းမမာကြ နှင့်။ ထာဝရဘုရား၏စကားတော်ကိုနား ထောင်ကြလော့။ သင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရားထာဝစဉ်သီးသန့် ထားတော်မူသောယေရုရှလင်မြို့ဗိမာန် တော်သို့လာ၍ ကိုယ်တော်အားကိုးကွယ် ဝတ်ပြုကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအမျက်ထွက်တော်မူ တော့မည်မဟုတ်။-
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-