Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 3:7

Common Language Bible

သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။

သို့​ရာ​တွင်​ငါ​၏​လူ​စု​တော်​ကား​ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အ​မိန့်​ကို မ​နာ​ခံ​ကြ။

ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။

နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။

ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။

``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။

ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ ဒါ​ဝိဒ်​မင်း​ကြီး​က၊

`သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။ သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။

ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။-

သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။-

``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-

ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။

ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား``ထို​ရ​ထား အ​နီး​သို့​သွား​လော့'' ဟု​အ​မိန့်​တော်​ရှိ​၏။-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​လည်း၊ ``နောင်​အ​ခါ​သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ် များ​မူ​ကား၊ ငါ​သည်​သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ ငါ​၏​ပ​ညတ်​ကို​ထည့်​သွား​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​ထား​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​သက်​သေ​ခံ​တော်​မူ​၏။-

သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-

ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။-

ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​သည်။

ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။

နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ