ဟောရှေ 2:2Common Language Bibleငါ၏သားသမီးတို့သင်တို့၏မိခင်အားမေတ္တာ ရပ်ခံလော့။ သူသည်ငါ၏ဇနီးမဟုတ်တော့ ပြီ။ ငါသည်လည်းသူ၏ခင်ပွန်းမဟုတ်တော့ ပြီ၊ သို့ရာတွင်မျောက်မထားသောအကျင့် နှင့်ပြည့်တန်ဆာအလုပ်ကိုစွန့်ရန် သင်တို့ ၏မိခင်အားမေတ္တာရပ်ခံလော့။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-