Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 2:1

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-

ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-

ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-

သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-

ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-

ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-

ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-

ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။ ``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကို ငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍ သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။

``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။-

အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ