သူတို့သည်ဂါလထွက်၍မြို့တခါးဝ၌ရပ် နေသည်ကိုမြင်သောအခါ မိမိတို့ပုန်းအောင်း ရာမှထွက်လာကြ၏။-
ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
သို့ဖြစ်၍အဘိမလက်နှင့်သူ၏လူအပေါင်း တို့သည် ညဥ့်အခါလာရောက်ပြီးလျှင်လေးစု ခွဲ၍ရှေခင်မြို့ပြင်၌ပုန်းအောင်းနေကြ၏။-
ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။