သို့ဖြစ်၍အဘိမလက်နှင့်သူ၏လူအပေါင်း တို့သည် ညဥ့်အခါလာရောက်ပြီးလျှင်လေးစု ခွဲ၍ရှေခင်မြို့ပြင်၌ပုန်းအောင်းနေကြ၏။-
ရှုရိအမျိုးသားတို့သည်အခါတစ်ပါးက ဣသ ရေလအမျိုးသားတို့အားလုယက်တိုက်ခိုက်ကြ ရာဝယ် ဣသရေလအမျိုးသမီးသူငယ်မတစ် ယောက်ကိုဖမ်းဆီးရမိခဲ့၏။ သူသည်နေမန် ၏ဇနီးထံတွင်အစေခံရလေသည်။-
နောက်တစ်နေ့နံနက်နေထွက်ချိန်၌ထ၍မြို့ ကိုရုတ်တရက်တိုက်ခိုက်တော်မူပါ။ ဂါလနှင့် သူ၏လူစုတို့သည်ကိုယ်တော်အားတိုက်ခိုက် ရန်ထွက်လာသောအခါ ကိုယ်တော်သည်မိမိ ၏အလုံးအရင်းနှင့်သူတို့ကိုတိုက်ခိုက် တော်မူပါ။''
သူတို့သည်ဂါလထွက်၍မြို့တခါးဝ၌ရပ် နေသည်ကိုမြင်သောအခါ မိမိတို့ပုန်းအောင်း ရာမှထွက်လာကြ၏။-