သူကြီး 6:20Common Language Bibleကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။- အခန်းကိုကြည့်ပါ။ |
မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-