Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 6:19

Common Language Bible

သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-

အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့​မှ​သာ​လျှင်​အား​ပြည့်​လာ​၍​ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့​သည်​အ​ကျွန်ုပ်​အိမ် သို့​ကြွ​ရောက်​လာ​ကြ​ခြင်း​ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့​ဖြစ်​၍​အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ​၏။ ထို​သူ​တို့​က``သင်​ပြော​သည်​အ​တိုင်း​ပြု​ပါ​လေ'' ဟု​ပြန်​ပြော​လေ​၏။

မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။

ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။

ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။

ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ