Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:11

Common Language Bible

ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိ​ဒျန်​ပြည်​မှ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​မော​ရှေ ၏​ယောက္ခ​မ​ယေ​သ​ရော​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ ခဲ့​စဉ်​က မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ထာ​ဝ​ရ​ဘု​ရား​မည်​ကဲ့​သို့​ကျေး​ဇူး ပြု​တော်​မူ​ကြောင်း​ကို​ကြား​သိ​ရ​၏။-

အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။

မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-

မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သား​ယေ​သ​ရော ၏​သား မိ​မိ​၏​ယောက်​ဖ​ဟော​ဗပ်​အား``ထာ​ဝ​ရ ဘု​ရား​က​ငါ​တို့​အား​ပေး​မည်​ဟု​က​တိ​ထား တော်​မူ​သော​ပြည်​သို့ ငါ​တို့​ယ​ခု​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကြီး​ပွား​စေ​မည်​ဟူ​၍ က​တိ​တော်​ရှိ သ​ဖြင့်​ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​လော့။ သင် သည်​ငါ​တို့​နှင့်​အ​ကျိုး​တူ​ခံ​စား​ခွင့်​ရ​လိမ့် မည်'' ဟု​ဆို​လေ​၏။

ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​မူ​ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ကို​သင်​လည်း​ခံ စား​ခွင့်​ရ​ရှိ​စေ​ပါ​မည်'' ဟု​ဆို​၏။

တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။

ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-

ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-

မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-

တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊-

တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-

သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။

အာ​ခိတ်​က​လည်း​သူ့​အား``ယ​ခု​အ​ကြိမ်​သင် သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရောက်​တိုက်​ခိုက်​ခဲ့ ပါ​သ​နည်း'' ဟု​မေး​မြန်း​လေ့​ရှိ​၏။ ထို​အ​ခါ ဒါ​ဝိဒ်​က​ယု​ဒ​ပြည်​တောင်​ပိုင်း​ယေ​ရ​မေ​လ အ​နွယ်​ဝင်​တို့​နယ်​မြေ၊ ကေ​နိ​အ​မျိုး​သား​တို့ ၏​နယ်​မြေ​စ​သည်​တို့​ကို​သွား​ရောက်​ခဲ့​ကြောင်း လျှောက်​ထား​လေ့​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ