Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:10

Common Language Bible

ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။

အို ဘု​ရား​သ​ခင်၊ ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များ ဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှ ကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။

ထို​အ​ခါ​သင်​၏​မှူး​မတ်​တို့​သည်​ကျွန်ုပ်​ထံ​သို့ လာ​၍​ပျပ်​ဝပ်​လျက်`သင်​နှင့်​သင်​၏​လူ​စု​အ​ပေါင်း တို့​ထွက်​သွား​ကြ​ပါ' ဟု​ရှိ​ခိုး​တောင်း​ပန်​ကြ လိမ့်​မည်။ ထို​နောက်​မှ​ကျွန်ုပ်​ထွက်​သွား​ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဒေါ​သ​အ​မျက်​ထွက်​လျက်​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။

ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊-

တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-

ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။ သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။

သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။

မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။

အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ