သူကြီး 3:20Common Language Bibleမင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။- အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။