Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 3:19

Common Language Bible

သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။-

အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။-

သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။

ယော​ရှု​သည်​ယော်​ဒန်​မြစ်​တွင်း​မှ​သယ်​ယူ​ခဲ့ သော​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး​ကို​ထို အ​ရပ်​တွင်​စိုက်​ထူ​လေ​၏။-

ဧ​ဟု​ဒ​သည်​ထို​လက်​ဆောင်​ပဏ္ဏာ​များ​ကို ဆက်​သ​ပြီး​သော​အ​ခါ ယင်း​တို့​ကို​သယ် ဆောင်​လာ​သူ​တို့​အား​အိမ်​သို့​ပြန်​စေ​၏။-

မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ