Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 3:16

Common Language Bible

ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​မြို့​ရှိ​ကျောက်​တုံး​ကြီး​သို့​ရောက် သော​အ​ခါ သူ​တို့​သည်​အာ​မ​သ​နှင့်​တွေ့ ဆုံ​မိ​ကြ​၏။ ယွာ​ဘ​သည်​စစ်​ပွဲ​ဝင်​ရန် အ​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ကာ ဋ္ဌား ကို​ဋ္ဌား​အိမ်​တွင်​ထည့်​၍​ခါး​ပတ်​တွင်​ချိတ် ထား​၏။ သူ​သည်​ရှေ့​သို့​တိုး​လိုက်​ရာ​ဋ္ဌား အိမ်​မှ​လျှော​ကျ​လာ​၏။-

တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​နှိမ်​နင်း​၍ လူ​မျိုး​တ​ကာ​တို့​အား​ဒဏ်​ခတ်​ကြ​ရန်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​များ​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင်​ကာ သူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​သံ​ခြေ​ကျင်း ခတ်​ကြ​ရန်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​ရ​တိုင်း​နိုင်​ငံ​တို့​ကို ဒဏ်​ခတ်​ရန်​လည်း​ကောင်း ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ထက်​မြက်​သော သံ​လျက်​ကို​လက်​တွင်​ကိုင်​ထား​ကြ​စေ။ ဤ​ကား​ဘု​ရား​သ​ခင်​လူ​စု​တော်​၏ အောင်​ပွဲ​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။

လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။

ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-

သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။-

``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-

ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။-

ထို​အ​ခါ​ဧ​ဟု​ဒ​သည်​မိ​မိ​ဘယ်​လက်​ဖြင့် ညာ​ပေါင်​တွင်​ချည်​နှောင်​ထား​သော​သံ​လျက် ကို​ယူ​၍​မင်း​ကြီး​၏​ဝမ်း​ဗိုက်​ကို​ထိုး​လိုက် ရာ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ