Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 3:15

Common Language Bible

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။-

ယွာ​ဘ​သည်​အာ​မ​သ​အား``မိတ်​ဆွေ၊ ကျန်း မာ​ပါ​၏​လော'' ဟု​ဆို​ပြီး​လျှင်​နမ်း​ရှုပ်​ဟန် ပြု​၍​ညာ​လက်​ဖြင့်​အာ​မ​သ​၏​မုတ်​ဆိတ် ကို​ဆွဲ​ကိုင်​ကာ၊-

ဗေ​လ​၏​သား​များ​မှာ အဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊- အ​ဘိ​ရွှ၊ နေ​မန်၊ အာ​ဟော၊ ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံတို့ဖြစ်​၏။

ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။

ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်း ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။

လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။

များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။

တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။

ဟေ​ဇကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်၊ မြို့​ထဲ​မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့ အား​အာ​ရှု​ရိ​ဘု​ရင်​ဧ​က​ရာဇ်​အ​မိန့်​တော် ရှိ​၏။ သင်​တို့​အား​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင် တို့​ပြည်​နှင့်​တူ​သည့်​ပြည်၊ ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည် သစ်၊ ပြောင်း​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ပေါ​များ​သည့် ပြည်​သို့​မ​ပို့​ဆောင်​မီ​အ​တော​အ​တွင်း​၌ မိ​မိ​တို့​၏​စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း ပင်​များ​မှ​အ​သီး​များ​ကို​စား​စေ​၍ မိ​မိ တို့​ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက် သုံး​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။-

``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။

ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-

ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။

သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ