Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 20:7

Common Language Bible

ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။

ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။

မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-

သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-

သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''

သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-

ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။

လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ