Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 20:6

Common Language Bible

ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-

သင်​တို့​သည်​ထို​အ​ကျင့်​များ​ကို​ကျင့်​၍ ကိုယ် ကို​မ​ညစ်​ညမ်း​စေ​ကြ​နှင့်။ သင်​တို့​ဝင်​ရောက်​နေ ထိုင်​မည်​ဖြစ်​သော​ပြည်​မှ​ငါ​နှင်​ထုတ်​မည့်​လူ​မျိုး တို့​သည် ထို​သို့​သော​အ​ကျင့်​များ​ကို​ပြု​ကျင့် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ သင်​တို့​အ​လျင်​ထို​ပြည်​၌ နေ​ထိုင်​ခဲ့​သော သူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​အ​တု​မ​ခိုး​နှင့်။ သင်​တို့​သည်​ထို​အ​ကျင့် များ​ကို​ကျင့်​ခြင်း​အား​ဖြင့် ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

ထို​နောက်​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​ခိုး​သူ​ဟု မဲ​ကျ​သူ​သည် ငါ​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖျက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​သော​ကြောင့်​သူ နှင့်​တ​ကွ​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ သူ​ပိုင်​သ​မျှ​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း မီး​ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်' '' ဟု​မိန့်​ကြား တော်​မူ​၏။

ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။

သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။-

အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။-

ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ