သူကြီး 20:32Common Language Bibleဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။- အခန်းကိုကြည့်ပါ။ |
ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။-
စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-