သူကြီး 20:31Common Language Bibleဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။- အခန်းကိုကြည့်ပါ။ |
အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။