Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 18:6

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။

သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။ မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။

မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''

ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။-

ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။

ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-

ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ