Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 18:5

Common Language Bible

ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။

ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​ကို​အ​စိုး​ရ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ငါ့​ကို​မုန်း​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​ငါ​၏​အ​လို​တော်​နှင့်​ဆန့် ကျင်​သည့်​အ​ကြံ​အ​စည်​များ​ကို​ပြု​၍ ငါ​၏ ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ဟာ​မိတ်​စာ​ချုပ်​များ ကို​ချုပ်​ဆို​ကာ၊ အ​ပြစ်​တစ်​ခု​အ​ပေါ်​တွင် တစ်​ခု​ထပ်​ဆင့်​၍​ကူး​လွန်​ကြ​၏။-

ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-

သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

သို့​ဖြစ်​၍​အ​တန်း​အ​စား​အ​မျိုး​မျိုး​မှ​လူ အ​ပေါင်း​တို့​သည်``ဤ​သူ​ကား​မ​ဟာ​တန်​ခိုး တော်​ဟု​ခေါ်​သော ဘု​ရား​၏​တန်​ခိုး​တော်​တည်း'' ဟု​ဆို​၍​ရှိ​မုန်​၏​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​၏။-

မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။-

ထို​အ​ခါ​လဲ​ရှ​နယ်​သို့​သွား​ရောက်​စူး​စမ်း ထောက်​လှမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​က မိ​မိ တို့​၏​အ​ပေါင်း​အ​ဖော်​များ​အား``ဤ​အိမ်​စု အ​နက်​အိမ်​တစ်​လုံး​တွင်​ငွေ​ဖြင့်​မွမ်း​မံ​ထား သည့်​ရုပ်​တု​တစ်​ခု​ရှိ​သည်​ကို သင်​တို့​သိ​ကြ ပါ​၏​လော။ ထို​အိမ်​တွင်​အ​ခြား​ရုပ်​တု​များ နှင့်​သင်​တိုင်း​တော်​တစ်​ခု​လည်း​ရှိ​၏။ ငါ​တို့ အ​ဘယ်​သို့​ပြု​သင့်​သည်​ဟု​သင်​တို့​ထင် မြင်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-

သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။

ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ